ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးလက်လမ်းခင်းခြင်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ဝါးခယ်မ အောက်တိုဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့်  ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သည့် ပဆငမှ ဘဲချောင်းရွာဝင်လမ်း ကွန်ကရစ်ခင်းခြင်း (၀/၂.၈၆ မိုင် × ၁၂' × ၇") with Subgrade Course  လုပ်ငန်းအား ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွေးကိုကိုနှင့် မြောင်းမြခရိုင် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်သန္တာဝင်းတို့မှ ‌(၃-၁၀-၂၀၂၃)ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။

အဆိုပါ ကျေးရွာချင်းဆက်ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက အကျိုးပြု ကျေးရွာ အုပ်စု (၅)အုပ်စု၊ ကျေးရွာ (၂၀)ရွာ၊ လူဦးရေ (၄၅၅၀)ဦးတို့အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)