သတင်းများ

လူနေအိမ်ပေါ်လဲကျနေသည့် ကုက္ကိုပင်အား မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းဖယ်ရှား
Aug 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၇၀ ရပ်ကွက် ရွှေပြည်အေးလမ်းရှိ နေအိမ်ပေါ်သို့ ကုက္ကိုပင်လဲကျနေခြင်းအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေ ၃ နာရီ ၂၀ မိနစ်က ရှင်းလင်းဖယ်ရှားပေး‌ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့တော် သန့်ရှင်းသာယာလှပရေးလူအင်အားနှင့် စက်ယန္တရားများအသုံးပြုဆောင်ရွက်
Aug 26,2023
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် ကမ်းနားလမ်းနှင့်သဂ်ဇာချောင်း သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကိုစီမံချက်ချမှတ်၍ သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းကဏ္ဍအသီးသီးခွဲခြား၍ လူအင်အားနှင့်စက်ယန္တရားများ အသုံးပြုဆောင်ရွက်လျက်ရှိသည်။
စစ်ကိုင်းမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
Aug 26,2023
စစ်ကိုင်းခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ စစ်ကိုင်းမြို့နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စပါးသက်တမ်းအလိုက် သွင်းအားစုကို အချိန်ကိုက် အချိုးကျထည့်သွင်းခြင်း နည်းပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြိုလေ့ကျင့်ရေးသင်တန်းသား/သူများ လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)သို့လာရောက်လေ့လာ
Aug 26,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြိုလေ့ကျင့်ရေးသင်တန်း (၁/၂၀၂၃) တွင် တက်ရောက်နေကြသည့် သင်တန်းသား/သင်တန်းသူ (၃၀)ဦးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးသို့ လေ့လာရေးလာရောက်ကြသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လိုအပ်သောသွင်းအားစုများပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုအပ်သောသွင်းအားစုများပေးအပ် ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ရေလိန်ကျေးရွာရှိ ဧကရာဇ်ဆန်စက်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
လားရှိုးမြို့တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ် ဆောင်ရွက်
Aug 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာတွင် တိရစ္ဆာန်ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှုရက်သတ္တပတ် ကွင်းဆင်းဆောင်ရွက်ခြင်းအခမ်းအနားကို ဩဂုတ်လ ၂၃ ရက်နေ့၊ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခွန်ရဲထွေး ဟိုပုံးမြို့မြို့မရေလွှဲဆည်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှု
Aug 26,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့မရေလွှဲဆည်တွင် ဆည်အတွင်း ရေညှိရေမော်များဆယ်ယူ၍ ဆည်သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့နံနက် ၈ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။