သတင်းများ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျိုက်လတ်မြို့နယ် ဌာန ဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၊ ငါးမွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေး
Aug 31,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အရိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ ယမန်နေ့ နေ့လယ်ပိုင်းတွင် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ လမ်းခရီးသွားလာရာတွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို လေးစားလိုက်နာစေရန် ရည်ရွယ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများနှင့် ခရိုင်အလိုက် အသက် (၂၅)နှစ်အောက် ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Aug 31,2023
၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများနှင့် ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီ အချိန်က လားရှိုးမြို့၊ ပြည်ထောင်စုအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
လွိုင်ကော်မြို့၌ ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Aug 31,2023
ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ကယားပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း နေကြာသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များ၏ ပညာပေးသင်တန်း ဆောင်ရွက်မှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ရှင်းလင်းတင်ပြ
Aug 31,2023
၂၀၂၃-၂၀၂၄ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း နေကြာသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များ၏ ပညာပေး သင်တန်း ဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်း တင်ပြသည့် အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယမန့်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့သည်။
ဂန့်ဂေါမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ
Aug 31,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ဩဂုတ်လ ၂၉ ရက် နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ဂန့်ဂေါမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေးက အခမ်းအနားကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အနာဂတ်ရဲ့ မျိုးဆက်သစ် ကလေးငယ်များငယ်ရွယ်စဉ်မှစ၍ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်မြင့်မားသည့် ကလေးငယ်များဖြစ်စေရေး၊ မိခင်လောင်းများ ကိုယ်ဝန်ဆောင်စဉ်မှစ၍ ကျန်းမာရေးဗဟုသုတများပြည့်စုံမှသာ မွေးဖွားလာမည့်ကလေးများအတွက် အထောက်အပံ့ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ မိခင်လောင်းများနှင့် ကလေးငယ်များအနေဖြင့် အစာအုပ်စု(၃)စုကို ညီညွတ်မျှတစွာ စားသောက်တတ်စေဖို့ အသိပညာပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ဇီးကုန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လစဉ်ပုံမှန်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်
Aug 31,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လစဉ်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ မြို့နယ်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်တွင် တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး ရှောင်တခင်စစ်ဆေး
Aug 31,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် မိုင်းယောင်း-မိုင်းဖြတ်လမ်းမကြီး၌ တာဝန်ရှိသူများက ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့တွင် ဆောင်ရွက်ခဲ့သည်။