မိုင်းယောင်း ဩဂုတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် မိုင်းယောင်း-မိုင်းဖြတ်လမ်းမကြီး၌ တာဝန်ရှိသူများက ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်နေထွန်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောမတ်(ခ)လော်ခယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် တရားမဝင်ကုန်ပစ္စည်းတားဆီးကာကွယ်ရေးအဖွဲ့တို့က ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် မိုင်းယောင်း-မိုင်းဖြတ်လမ်းမကြီးတွင် ရှောင်တခင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)