မောင်တော အောက်တိုဘာ ၂
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှကြီးမှူးဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ကြီးမှူးဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်း ဖွင့်လှစ်ပေးရခြင်းများနှင့် ပတ်သတ်၍ အမျိုးသမီးဝန်ထမ်းများအနေဖြင့် ဌာနမှ ကျင်းပပြုလုပ်သည့် အခမ်းအနားများ၊ အစည်းအဝေးများတွင် အခမ်းအနားမှူးများဆောင်ရွက်ရာတွင် အမှားအယွင်းမရှိ စနစ်တကျ အစီအစဉ်အတိုင်း ဆောင်ရွက်တတ်စေရန်နှင့် စကားအသုံးအနှုန်း မှန်ကန်စွာပြောဆိုဆောင်ရွက်တတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ် ကြောင်း ပြောကြားပြီး သင်တန်းနည်းပြတစ်ဦးက သင်တန်းတွင် ပို့ချပေးမည် ဘာသာရပ်များနှင့်စာတွေ့ လက်တွေ့ ပို့ချပေးမည် အခြေအနေများအား ရှင်းလင်းပြောကြားသည်။ အဆိုပါ အခမ်းအနားမှူး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနရှိ အကြီးတန်းစာရေး၊ အငယ်တန်းစာရေးနှင့် လစာနှုန်းတူ အမှုထမ်း အမျိုးသမီးဝန်ထမ်း ၂၄ ဦး တက်ရောက်မည်ဖြစ်ပြီး နည်းပြ ၅ ဦးက သင်တန်းပို့ချပေးမည်ဖြစ်ရာ သင်တန်းကာလမှ နှစ်ပတ်ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်