ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့၌ နံသာတောင်ပရဟိတကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူများနှင့် သင်ကြားပြသခဲ့ကြသော ဆရာ၊ ဆရာမများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ

မောင်တော   အောက်တိုဘာ  ၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့အတွင်းရှိ နယ်စပ်ဒေသ နံသာတောင် ပညာဒါန ပရဟိတကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပြသခဲ့ကြသောဆရာ ၊ဆရာမများအား ပညာရည်ချွန် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက  အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ  နယ်စပ်ဒေသ နံသာတောင် ပညာဒါန ပရဟိတ ကျောင်းမှကျောင်းသား၊ ကျောင်းသူလေးများက ပေးဆပ်သူတို့နှလုံးသား သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ပြီး နံသာတောင်ပညာဒါန ပရဟိတကျောင်း ဦးစီးပဓာန နာယကဆရာတော်ကြီးက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ထွန်းက ဩဝါဒ စကားပြောကြားခဲ့ပြီး တာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးဇော်လင်းဦးက ဝမ်းမြောက်စကား ပြောကြားခဲ့သည်။ ယင်းနောက် တောင်ပြို လက်ဝဲအခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားကာ ထူးချွန်ကျောင်းသား/သူများနှင့် ဆရာ၊ဆရာမများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး ထူးချွန်ဆုရဆရာမတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ နယ်စပ်ဒေသ နံသာတောင် ပညာဒါနပရဟိတကျောင်းမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသော ကျောင်းသား/သူများမှာ သုံးဘာသာ ဂုဏ်ထူးရှင် (၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၂)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၂၄ ) ဦး၊ ရိုးရိုး အောင်မြင် သူ (၄၁)ဦး စုစုပေါင်း (၈၀)ဦးရှိကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)