ကျွန်းလှ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ပြည်သူများ စားသုံးဆီဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက မြို့မစည်ပင်သာယာဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
“ကျမတို့ ပြည်သူတွေက နေ့စဉ်စားသောက်ရာမှာ မီးဖိုချောင်သုံးဖြစ်တဲ့ ဆီကိုအမြဲသုံးစွဲကြရပါတယ်။ အပြင်ဈေးဆိုင်တွေမှာ စားသုံးဆီတစ်ပိဿာငွေကျပ် ၁၂၀၀၀ ဈေးရှိချိန် အခုလိုဆီတစ်ပိဿာ ငွေကျပ် ၅၂၀၀ ဈေးနဲ့ရောင်းချပေးတဲ့အတွက် မိသားစုတွေအဆင်ပြေကြပါတယ်” ဟု ပျဉ်းမမြိုင်ရပ်ကွက်နေ ဒေါ်အေးအေးက ပြောပြသည်။
အဆိုပါ စားသုံးဆီရောင်းချပေးခြင်းကို ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများကြီးကြပ်ပြီး လူတစ်ဦးလျှင် ဆီ ၅၀ ကျပ်သားကို တစ်ပိဿာ ငွေကျပ် ၅၂၀၀ ဈေးဖြင့် ပြင်ပပေါက်ဈေးထက် ဈေးသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)