ဗန်းမော် အောက်တိုဘာ ၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းသည် ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ခေါင်းဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ယမန်နေ့ နံနက် ၈ နာရီခွဲက ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ မြသီတာ ဧည့်ရိပ်သာခန်းမတွင် တွေ့ဆုံဆွေးနွေးသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ယခုလတ်တလော ဆောင်ရွက်နေသည့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေမှုတွင် အခက်အခဲများမရှိစေရေးနှင့် အရည် အသွေး ပြည့်ဝသည့် သန်းခေါင်စာရင်းကောက်ယူမှုဖြစ်စေရေး၊ တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲအောင်ချက်တွင် ယခင်နှစ်က တစ်နိုင်ငံလုံးတွင် ကချင်ပြည်နယ်က ဒုတိယအဆင့် ရရှိခဲ့ သည့် နည်းတူ ယခု ပညာသင်နှစ်လည်း အောင်ချက်ရာခိုင်နှုန်း ကျဆင်းမှုမရှိစေရေး၊ ထို့အပြင် ပြည်နယ်၏ အားကစားကဏ္ဍတိုးတက်မြင့်မားရေးတွင်လည်း ဗန်းမော်ခရိုင်အနေဖြင့် Team Work အားကောင်းကောင်းဖြင့် လုပ်ဆောင်သွားရေး၊ ကျန်းမာရေးကဏ္ဍနှင့် အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်ကဏ္ဍများတွင် ယခုထက်ပိုမို အားကောင်းလာစေရန် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားကြရေး ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင်များက လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေများနှင့် ကြုံတွေ့နေရသည့် အခက်အခဲ/ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ လူမှုရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်