ကျိုင်းလပ်မြို့၌ တပ်ဖွဲ့ဝင်ရေကြောင်းအခြေခံပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျိုင်းလပ် အောက်တိုဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ တပ်ဖွဲ့ဝင်ရေကြောင်းအခြေခံပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်က ရေကြောင်းရဲတပ်ဖွဲ့စု(ကျိုင်းလပ်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)မှ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ဦးအောင်ဇော်မိုး၊ တပ်ဖွဲ့စုမှူး ရဲမှူးခင်မောင်လွင်၊ ရုံးဦးစီး ဒုရဲမှူးဦးထွန်းထွန်းနိုင်၊ သင်တန်းနည်းပြများနှင့် သင်တန်းသား (၈)ဦးတို့ တက်ရောက်ခဲ့ကြပြီး တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ဦးအောင်ဇော်မိုးက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းကို ၂-၁၀-၂၀၂၃ ရက်နေ့မှ ၁၃-၁၀-၂၀၂၃ရက်နေ့အထိ (၁၀)ရက်အကြာ နေ့စဉ်နံနက်(၉:၀၀) နာရီမှ (၁၂:၀၀)နာရီအချိန်ထိ  သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

 

စန်းစန်းမြင့်(ပြန်/ဆက်)