ညောင်တုန်း အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာမ ခင်စောတင့်ရေးသားသော "စွန့်စားမှုဆီသို့ခြေတစ်လှမ်း နှင့်အတွေးအမြင်စာစုများ " စာအုပ်ဖြင့် ယမန်နေ့ နေ့လည်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးစန်းမြင့်နှင့် အဖွဲ့ဝင် စာရေးဆရာ မင်းဝေမှူး၊ ဦးမြင့်ဟန်တို့က ဦးဆောင်၍ "စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်မှ လူငယ်များအတွက် ကောင်းမြတ်သော ဘဝရည်မှန်းချက်များ၊ ကြီးပွားတိုးတက်ရေးအကြောင်းအရာများစသည့် လူငယ်များအတွက်ဘဝအောင်မြင် တိုးတက်ရေး အကြောင်းအရာများကို တက်ရောက်လာသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များ၊ (Women Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင် များနှင့် အတူဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်များများဖြင့် စာအုပ်ပြပွဲကို ကျင်းပရာ တက်ရောက် လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)