ပုလော အောက်တိုဘာ ၃
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်တိုးတက်လာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟော ပြောပွဲကို ယမန်နေ့ နံနက် (၉)နာရီခွဲက ပုလောမြို့ မူလွန်(၄) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က လူငယ်ရေးရာအသိပညာပေးဟောပြော ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ဆက်လက်၍ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးအောင်ဇော်မိုးက ဗလငါးတန်ဖွံ့ဖြိုးသော ကျောင်းသား၊ကျောင်းသူများဖြစ်လာစေရန် လူတော်လူကောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကျန်းမာရေးဦးစီးဌာနမှူး သားဖွားဆရာမဒေါ်သီတာအေး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်က သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့်လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ် စာစောင်များကို ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)