သတင်းများ

ပန်းတနော်မြို့၌ အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Jul 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံတာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူထားတဲ့ အစိုးရဝန်ထမ်းပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဇူလိုင်လ ၂၁ ရက် နေ့မှ စတင်၍ နံနက် ၈ နာရီတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မင်းဘူးခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး
Jul 25,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က မင်းဘူး-အမ်းကာလမ်းမဘေးရှိ ရွှေနတ် တောင်ကျောင်းတိုက်ဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Jul 25,2023
မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်တွင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club)တို့ ပူးပေါင်း၍မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် "အမွေခံသူတစ်ယောက်အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်(၁၂)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
မောက်မယ်မြို့နယ်တွင် အဆင့်မြင့်နည်းပညာသုံးဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးသန့်ပွားမျိုးစေ့ (RS)မိုးစပါး စတင်စိုက်ပျိုး
Jul 25,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်မှုကို သိပ္ပံနည်းကျစိုက်နည်းစနစ်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍
မောက်မယ်မြို့နယ်၌GISနည်းပညာဖြင့်Census Unit ကောက်ယူရေးဆွဲခြင်းလုပ်ငန်းများဆောင်ရွက်
Jul 25,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ တိကျမှန်ကန်စေရေးအတွက် GISနည်းပညာဖြင့်Census Unit ကောက်ယူရေးဆွဲခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။  
ကန့်ဘလူမြို့ အ.မ.က(၄)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jul 25,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အမှတ်(၄)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်တပ်ဆင်ထားမှုကို ခရိုင်စီမံအုပ်ချုပ်ရေးနှင့်အဖွဲ့ သွားရောက်လေ့လာ
Jul 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ Gold Luck အပန်းဖြေစခန်းတွင် တပ်ဆင်ထားသည့် နေရောက်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစနစ်တပ်ဆင်ထားရှိမှုကို ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။ 
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်
Jul 25,2023
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။