ကမာရွတ်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံမြန်မာ့သိုင်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ကမာရွတ် အောက်တိုဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ''အခြေခံမြန်မာ့သိုင်းသင်တန်းဆင်းပွဲအခမ်းအနား''ကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင်းဆီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဦးစီးမှူးဒေါက်တာသင်းသင်းနိုင်၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌဦးသိန်းဟံဝင်း၊  သင်တန်းနည်းပြများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် သင်တန်းနည်းပြဆရာဦးရန်နိုင်မှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွက်လာစေရေးဦးတည်ကာ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်​ကြောင်းရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးဒေါက်တာဝဿန်မြတ်သင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ထို့​နောက် မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ မြို့နယ်ဦးစီမှူးမြို့နယ်ကြက်​ခြေနီအဖွဲ့ဥက္ကဋ္ဌနှင့်ကျောင်းအကျိုးဆောင်အဖွဲ့ဝင်များမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

ထို့နောက်​ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုချီးမြှင့်ငွေများကို သင်တန်းနည်းပြများအား ပေးအပ်ခဲ့ပါသည်။

အဆိုပါသင်တန်းကို စနေ၊ တနင်္ဂနွေအပတ်စဥ်တိုင်းနံနက်(၁၀)နာရီမှ နေ့လယ်(၂)နာရီအထိ သင်ကြားပေးပြီး စုစုပေါင်းသင်တန်းသားဦးရေ(၄၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

စိမ်းလဲ့(ပြန်/ဆက်)