စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၉/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတက်ရောက်

မုံရွာ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၉/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခို ရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိ ကလုပ်ငန်းရှင်များအနေဖြင့် အဆက်မပြတ်ဆွေးနွေးပူးပေါင်း ဆောင်ရွက်ခြင်း၏ ရလဒ်အဖြစ် မုံရွာမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း ဖွင့်လှစ်ပေးနိုင် သကဲ့သို့ စစ်ကိုင်းမြို့တွင်လည်း MSMEs သင်တန်းအထည်ဆေးရေးနှင့် ပန်းပုံရိုက်သင်တန်းအား ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုလို သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာကာ ‌ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိ လာမှာဖြစ်ပါ ကြောင်း၊ ပွင့်လင်းရာသီရောက်ရှိပြီး ခရီးသွားရာသီစတင်တော့မည်ဖြစ်သည့်အတွက် ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများမှ ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေးအတွက် တာဝန်ရှိသူများမှ ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ထင်ရှားသည့် ဘုရားပုထိုး စေတီများနှင့် ခရီးသွားဧည့်သည်များ အသွားအလာများသည့် ခရီးစဉ်ဒေသများတွင် စေတီပုထိုး၊ ဘုရားသမိုင်းနှင့် ခရီးစဉ်ဒေသများအကြောင်းအား အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့်ပြုလုပ်ထားသည့် QR Code နှင့် Bill Board များထားရှိရေး ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ၊ ခရီးသွားနှင့် ဆက်စပ်သည့် ဌာနဆိုင်ရာများအနေဖြင့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွား ရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်း ကော်မတီ (၈/၂၀၂၃) ကြိမ်မြောက်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထား ရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် ဟိုတယ်လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများ ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းပန်း ဆက်သွယ်ရေး၊ လုံခြုံရေးအခြေ အနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)