ပေါက်တော အောက်တိုဘာ ၄
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ရာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် မြင့်ဂါအုပ်စု တောင်ချောင်(ရွာသစ်) ကျေးရွာ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းနှင့် တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
အဆိုပါ တောင်ချောင်(ရွာသစ်) ကျေးရွာ ကျေးရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ၂၀၂၃-၂၀၂၄ ခုဘဏ္ဍရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းအား နိုင်ငံတော်ထောက်ပံ့ငွေ ၁၂ သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၂ ဒသမ ၅ သန်းတို့ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျေးရွာတွင်းလမ်းကွန်ကရစ်မှာ အလျား ၅၃၂ ပေ၊ အကျယ် ၉ ပေ၊ ထု ၆ လက်မ ရှိပြီး လုပ်ငန်းမှာ ၉၅ ရာခိုင်နှုန်းပြီးစီးပြီး ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)