သတင်းများ

လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဒါးပိန်)၌ လူငယ်စကားဝိုင်းကျင်းပ
Oct 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက လှည်းကူးမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ဒါးပိန်) ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်သည်။
တပ်ကုန်းမြို့၌ နေကြာစိုက်တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သော မိုးနေကြာ (ဆင်း ရွှေကြာ -၂) မျိုး မြှင့်တင်ရွေးချယ်ခြင်းဆောင်ရွက်
Oct 03,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ ညောင်ငါးပင်ကျေးရွာနှင့်ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့တွင် နေကြာစိုက်တောင်သူ များ ပူးပေါင်းပါဝင်ဆောင်ရွက်သော မိုးနေကြာ (ဆင်းရွှေကြာ-၂) မျိုး မြှင့်တင်ရွေးချယ်ခြင်းကို ယနေ့ နံနက်ပိုင်းက ညောင်ငါးပင်ကျေးရွာ၊ ကွင်းအမှတ် ၁၂၇၉ ၊ တောင်သူ ဦးဇော်မိုး၏ နေကြာ စိုက်ခင်းတွင် ကျင်းပသည်။
အ.ထ.က မိုင်းနောင်ကျောင်းတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာများ သင်ယူနိုင်ရေး လူငယ်​ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Oct 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ချည်မျှင်ရှည်ဝါဈေးနှုန်းဆက်လက်မြင့်တက်လာ
Oct 03,2023
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင်ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် ချည်မျှင်ရှည်ဝါများ စတင်ကောက်ယူရောင်းချလျက်ရှိရာ ယခင်အပါတ်ဖွင့်ဈေး(၁၈၀၀)ကျပ်မှ ယခုအခါ ဝါဈေးအနေဖြင့်(၁)ပိသာလျှင်ငွေကျပ်(၂၅၀၀)ဈေးထိ ရောင်းချနေရပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံ ကသိရှိရသည်။
တပ်ကုန်းမြို့၌ ယာဉ်ပေါင်း ၉၈ စီးအား ရှောင်တစ်ခင် စစ်ဆေးခြင်းများဆောင်ရွက်
Oct 03,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာ စေရန်၊ ရှောင်တစ်ခင်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တပ်ကုန်း​မြို့အဝင် ရန်ကုန်-မန္တလေး ကားလမ်းတွင်  မော်တော်ယာဉ် ၄၃ စီး၊ မော်တော်ဆိုင်ကယ် ၅၅ စီးအား စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Oct 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
သဲကုန်းမြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရန် လူငယ်စကားဝိုင်းကို အ.ထ.က(ခွဲ)အင်ပင်လှကျောင်းတွင် ကျင်းပပြုလုပ်
Oct 03,2023
လူငယ်များဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့၏အစီအစဉ်ဖြင့် အ.ထ.က(ခွဲ)အင်ပင်လှကျောင်း ပညာတံခွန်ခန်းမ၌ အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီက  လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။