သတင်းများ

သာစည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာဘော်လီဘောပြိုင်ပွဲ ကျင်းပပြုလုပ်မည်
Jul 25,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာ ဘော်လီဘောပြိုင်ပွဲကို ဩဂုတ် ၃ ရက်နေ့တွင် မြို့နယ်ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းထွန်းဦးထံက သိရသည်။
စလင်းမြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ၊ကျေးရွာအုပ်စု(၃၈)အုပ်စုတို့ရှိတောင်သူ(၃၃၇၇)ဦးတို့အား၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း (၁၉၉၇၄.၀၀.၀၀၀) ကျပ်ကို ထုတ်ချေးပြီးစီး
Jul 25,2023
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ်   မိုးသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယနေ့ ဇူလိုင်လ (၂၅)ရက်နေ့ အထိတောင်သူ(၃၃၇၇)ဦးတို့ တို့အား  မိုးစပါးစိုက်ပျိုးရန်အတွက် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးဧက(၁၅၃၈၁)ဧကအတွက် စိုက်ပျိုးရန် ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်က သဲစု (အ.မ.က) တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ဟောပြောပွဲ ဆောင်ရွက်
Jul 25,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောင်းသား/ကျောင်းသူများ စာအုပ်၊ စာပေများဖတ်ရှု လေ့လာခြင်းအားဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရင့်သန်လာစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူဖတ်ရှု့ လေ့လာနိုင်စေရန်၊ စာပေကို ပိုမိုမြတ်နိုး တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲ (၁) နာရီက သဲစုအခြေခံပညာ မူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်ရှိ တစ်နှစ်(၁)သီးသာစိုက်ပျိုးနိုင်သည့် ရေကြီးရေနက်ကွင်းများတွင် တစ်နှစ်နွေစပါး(၂)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး ရေတံခါးတပ်ဆင်ပေးနိုင်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး
Jul 25,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း တစ်နှစ်(၁)သီးသာ စိုက်ပျိုးနိုင်သည့် ရေကြီးရေနက်ကွင်းများတွင် တစ်နှစ်နွေစပါး(၂)သီးတိုးချဲ့စိုက်ပျိုးနိုင်ရေး ရေတံခါးတပ်ဆင်ပေးနိုင်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
စဉ့်ကိုင်မြို့နယ်ကသဲစု(အ.မ.က)တွင်စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးနယ်လှည့်ဟောပြောပွဲ ဆောင်ရွက်
Jul 25,2023
မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောင်းသား/ကျောင်းသူများ စာအုပ်၊စာပေများဖတ်ရှု လေ့လာခြင်းအားဖြင့်   အသိပညာဗဟုသုတများကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရင့်သန်လာစေရန် ၊စာအုပ်စာပေများကို လက်ဝယ်အရောက်အလွယ်တကူဖတ်ရှု လေ့လာနိုင်စေရန်၊ စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲ(၁)နာရီက ကသဲစုအခြေခံပညာမူလတန်း ကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပရိယတ္တိသာသနဟိတအသင်း၏ (၁၁၇) ကြိမ်မြောက်နယုန်လ သီးခြားစာသင်တန်း/စာချတန်း စာအောင်လက်မှတ် ဆက်ကပ်ပူဇော်
Jul 25,2023
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ပရိယတ္တိသာသနဟိတအသင်း၏ ၁၃၈၅-ခုနှစ်၊(၁၁၇) ကြိမ်မြောက် နယုန်လ ရဟန်းတော်များသီးခြားစာသင်တန်း/စာချတန်း စာအောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါအသင်း စိန်ရတုခန်းမဆောင် အပေါ်ထပ်တွင် ကျင်းပပြုလုပ်သည်။
သံတွဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
Jul 25,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobileမော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ကျေးရွာများ၊ ဌာနဆိုင်ရာများ အရောက်စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
ကလိန်အောင်မြို့၌ ဈေးကွက်ဝင် နဂါးမောက်သီး စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ
Jul 25,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ ကလိန်အောင်မြို့တွင် ဈေးကွက်ဝင်သီးနှံတစ်မျိုး နဂါးမောက်သီးပင်များကို စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ကလိန်အောင်မြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။