Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိတ်မြို့တွင် အသိပညာပေးပြခန်းမော်တော်ယာဉ်များဖြင့် အခြေခံပညာကျောင်းများသို့ လိုက်လံပြသ
Sep 30,2023
(၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အခြေခံပညာကျောင်းများသို့ အသိပညာပေးပြခန်း မော်တော်ယာဉ်များဖြင့် ယနေ့ နံနက် (၉)နာရီက မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မိုးသက် ဦးဆောင်၍ ကျောင်သား/သူများအား လိုက်လံ ပြသ အသိပညာပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ သိုင်းချောင်း ချောင်းရေတိုက်စားမှုကြောင့် လမ်းဘေးကမ်းပါးပဲ့သည့် နေရာအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Sep 30,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ရန်ကုန်-မန္တလေးကားလမ်း အမြန်လမ်းမိုင်တိုင်အမှတ် (၁၆၉/၆) အနီး ဂုံမင်းကွင်းကျေးရွာအုပ်စုအတွင်းရှိ တောင်မှမြောက်သို့ စီးဆင်းနေသောသိုင်းချောင်းသည် ယမန်နေ့က ပဲခူးရိုးမပေါ်တွင် မိုးများရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းလာရာ ရန်ကုန်-မန္တလေး အမြန်လမ်း (၁၆၉/၆) လမ်းဘေးပေ (၁၅၀) ခန့်တွင် ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပဲ့ပါသွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်၌ ဆီထွက်သီးနှံ(ဆောင်းမြေပဲ)တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Sep 30,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ဆီထွက်သီးနှံ(ဆောင်းမြေပဲ) တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့၌ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Sep 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများ ဒေသခံပြည်သူများ နေ့စဥ် နေထိုင်စားသောက်ရေး အထောက်အကူဖြစ်စေရန် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၈ နာရီက ရန်ကြီးအောင်ပန်းခြံတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် ထုတ်ချေးပေးပြီးဖြစ်
Sep 30,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ယခုဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလ တတိယပတ်မှ စတင်ထုတ်ချေးပေးခဲ့ရာ ယခုအခါတွင် ငွေကျပ်သိန်းပေါင်း ခြောက်သောင်းကျော်ကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူ ၅၃၅ ဦးအား ဇီဝဆိုင်ရာအချက်အလက်များကောက်ယူပြီးစီး
Sep 30,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ တစ်သိန်းကျော်ရှိ
Sep 30,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ စက်တင်ဘာ ၃၀ ရက် တော်သလင်းလပြည့်ကျော်(၁)ရက်နေ့တွင် တစ်သိန်းခန့်ရှိကြောင်း ညောင်ဦးမြို့နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)တာဝန်ရှိသူများထံကသိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြီးကြပ်သူနှင့် စာရင်းကောက်တာဝန်ပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Sep 30,2023
မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ၂၀၂၃ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြီးကြပ်သူနှင့် စာရင်းကောက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံက်ပိုင်းက မော်လမြိုင်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၊ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9237
Page
9238
Page
9239
Page
9240
Current page
9241
Page
9242
Page
9243
Page
9244
Page
9245
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department