မိုးညှင်း စက်တင်ဘာ ၃၀
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ယခုဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလ တတိယပတ်မှ စတင်ထုတ်ချေးပေးခဲ့ရာ ယခုအခါတွင် ငွေကျပ်သိန်းပေါင်း ခြောက်သောင်းကျော်ကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲအနေဖြင့် ယခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေးခဲ့ရာတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၃)အုပ်စု၊ တောင်သူ(၅၈၄၆)ဦး၊ မိုးစပါးစိုက်ပျိုးဧက (၄၂၃၅၀)ဧကအတွက် ချေးငွေကျပ်သိန်းပေါင်း (၆၃၅၂၅)သိန်းကို အတိုးနှုန်းသက်သာစွာဖြင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ယခင်ချေးငွေများ ပြေကျေစွာ ပေးဆပ်လာသူတောင်သူများအား ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မိုးညင်းခရိုင်ဘဏ်ခွဲမှ သိရသည်။
ရွှေမိုးညှင်း