ကဝမြို့နယ်၌ ဆီထွက်သီးနှံ(ဆောင်းမြေပဲ)တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကဝ စက်တင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ဆီထွက်သီးနှံ(ဆောင်းမြေပဲ) တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့‌နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ကဝမြို့နယ်အတွင်း ဆီထွက်သီးနှံ(ဆောင်းမြေပဲ)စိုက်ဧက တိုးချဲ့နိုင်ရေး၊ ဆီဖူလုံရေးနှင့် အထွက်နှုန်းကောင်းမွန်သည့် ဗီယက်နမ်မြေပဲမျိုးများ ပြောင်းလဲစိုက်ပျိုးရေး ဆွေးနွေးပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးရဲကိုကိုက နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် ဗီယက်နမ်မြေပဲစိုက်ပျိုးနည်းစနစ်များနှင့် ဗီယက်နမ်မြေပဲမျိုး ဖြန့်ဖြူးဆောင်ရွက်သွားမည့် အခြေအနေအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ကဝမြို့နယ်တွင် မြေပဲစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းသည့် မြေပဲစိုက်တောင်သူများဖြစ်သော အေးရွာသစ်ကျေးရွာမှ ဦးကျော်နိုင်ဦးနှင့် မကျက်ကြီးကျေးရွာမှ ဦးကြည်လွင်တို့က ဗီယက်နမ်မြေပဲစိုက်ပျိုးအောင်မြင်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် မြေပဲစိုက်တောင်သူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ကဝမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆီထွက်သီးနှံ(ဆောင်းမြေပဲ) (၁၁၀၀၀)ဧကစိုက်ပျိုးနိုင်ရေးအတွက် မျိုးကောင်း၊ မျိုးသန့်များအား တောင်သူများ လက်ဝယ်သို့ ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)