သတင်းများ

တောင်ငူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲဆောင်ရွက်
Jul 25,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
ပေါင်းတည်၌ ပန်းတိမ်မနိုင်ပန်းစိုက်သူများဝင်ငွေကောင်း
Jul 25,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပန်းတိမ်မနိုင်ပန်းများကို မြို့လုံးကျွတ်နီးပါးအိမ်ခြံဝင်းများတွင်လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်ကတည်းက စိုက်ပျိုးလာခဲ့ကြပြီး ဒေသထွက်ကုန်တစ်မျိုးအဖြစ် နှစ်စဉ်စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခဲ့ရာ ယခုနှစ်ပန်းဦးပေါ်ချိန်က တစ်ခိုင်လျှင် ၅၀၀ ကျပ်အထိ စျေးရရှိခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 25,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ဖောင်းပြင်မြို့နယ်တွင် နေရပ်စွန့်ခွာသူများအား ဆန်နှင့်စားသောက်ဖွယ်ပစ္စည်းများထောက်ပံ့
Jul 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် နယ်မြေဒေသမအေးချမ်း၍ ယာယီနေရပ်စွန့်ခွာလာသူများထံသို့ ဆန်၊ ဆီ၊ ဆားနှင့်ကုလားပဲတို့ကို ယမန်နေ့နံနက်ပိုင်းက မင်းကွန်းဓမ္မရိပ်သာ၌ ထောက်ပံ့ပေးခဲ့သည်။
မိုင်းငေါ့မြို့တွင် ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိ လာစေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Jul 25,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား ၊ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ Mobile စနစ်ဖြင့် စာအုပ်များ သွားရောက် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာ မူလတန်းကျောင်းတွင် သွားရောက် ငှားရမ်းပေးခဲ့သည်။
သီပေါမြို့အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jul 25,2023
ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ ယမန်နေ့မွန်းလွှဲ (၂)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၌ စာချစ်သူများ စာဖတ်ဝိုင်းကျင်းပ
Jul 25,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ စာချစ်သူများ စာဖတ်ဝိုင်းကိုယမန်နေ့ နေ့လည် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre )ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ
Jul 25,2023
နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါး အမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များနှင့် ပတ်သက်၍  ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မူးယစ်ဆိုလျှင် ဝေးဝေးကပင် ရှောက်ရှားနိုင်စေရန်အတွက် ရည်ရွယ်၍