မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြီးကြပ်သူနှင့် စာရင်းကောက်တာဝန်ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် စက်တင်ဘာ ၃၀

မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ၂၀၂၃ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြီးကြပ်သူနှင့် စာရင်းကောက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယ​နေ့နံက်ပိုင်းက ​မော်လမြိုင်မြို့၊ လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၊ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးအတိုင်း အတာအနေနဲ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် လုပ်ငန်းအချိန်ဇယားအရ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အနေဖြင့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလအတွင်း မော်လမြိုင်မြို့နယ်တွင် စာရင်းကောက် ရပ်ကွက်(၃)ကွက်ကို ကောက်ယူသွားမှာဖြစ်ပါကြောင်း၊၂၀၂၄ ခုနှစ်မှာ ကောက်ယူမယ့် လူဦးရေနှင့်အိမ်အကြောင်းအရာ ပင်မသန်းခေါင်စာရင်းကို အဆင်ပြေချောမွေ့၊ လွယ်ကူအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ယခုကောက်ယူမယ့် စမ်းသပ်သန်းခေါင်စာရင်းမှာ တွေ့ကြုံရမည့်အခက်အခဲများ အားသာချက်၊ အားနည်းချက်များ လိုအပ်ချက်များကို စနစ်တကျကောက်ယူကြစေရေးနှင့် သန်းခေါင်စာရင်းကော်မတီများမှလည်း ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ကြရန်ဖြင့် အမှာစကား​ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်၊သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ဦးစီးမှူး ဦးမြတ်သွင်က သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမည့် ကြီးကြပ်သူနှင့် စာရင်းကောက်တို့ထံ စာရင်းကောက်ဝတ်စုံများ ပေးအပ်ခဲ့ကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)