သတင်းများ

မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း စဉ်ဆက်မပြတ် ဆောင်ရွက်
Jul 25,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင်သစ်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Jul 25,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် "ပတ္တမြား"ဆောင် ကျောင်းဆောင်သစ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ မိုးနှမ်းအထွက်နှုန်းတိုးတက်ရေး ဆင်းရတနာ (၅)ဧကစံပြကွက်တွင်  ရွက်ဖျန်းမြေဩဇာ အပင်အားဆေး ပက်ဖြန်းခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Jul 25,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာ ကွင်းအမှတ်(၄၅၉)ရှိ တောင်သူဦးဘိုညို၏ ဆင်းရတနာ(၅)ဧက စံပြကွက်တွင် ရွက်ဖြန်းမြေဩဇာ စုပေါင်းပက်ဖြန်းပွဲ ကျင်းပခဲ့သည်။
မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile   Library   Bus ဖြင့်ဌာနဆိုင်ရာများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Jul 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယနေ့နံနက်က စည်ပင်သာယာရေးကော်မတီ၊ သမဝါယမဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးရုံး များသို့ သုတ/ရသ စာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။  
ကျောက်ပန်းတောင်းမြို့ အမှတ်(၂)အ.ထ.ကတွင် ကျောင်းသား/ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများအား  ဇီဝဆိုင်ရာအချက်အလက် ( Biometric Data) များ ကောက်ယူ
Jul 25,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများအား ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်က မြို့ပေါ်ရှိ  အခြေခံပညာကျောင်းများမှ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ် ဘောလုံးအဖွဲ့ချုပ်ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ
Jul 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိုးလုံလေလုံအားကစားကွင်း၌ ဘောလုံးအဖွဲ့ချုပ်ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာ၌ လယ်မြေဧက ၇၀၀ အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု ၂၈ ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီး
Jul 25,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁ မိုင်အား ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၂၈ ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ အစည်းအဝေးကျင်းပ
Jul 25,2023
ကချင်ပြည်နယ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌  ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။