ရေတာရှည်မြို့နယ်၌ သိုင်းချောင်း ချောင်းရေတိုက်စားမှုကြောင့် လမ်းဘေးကမ်းပါးပဲ့သည့် နေရာအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ရေတာရှည် စက်တင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ရန်ကုန်-မန္တလေးကားလမ်း အမြန်လမ်းမိုင်တိုင်အမှတ် (၁၆၉/၆) အနီး ဂုံမင်းကွင်းကျေးရွာအုပ်စုအတွင်းရှိ တောင်မှ‌မြောက်သို့ စီးဆင်းနေသောသိုင်းချောင်းသည် ယမန်နေ့က ပဲခူးရိုးမပေါ်တွင် မိုးများရွာသွန်းမှုကြောင့်  တောင်ကျရေများ စီးဆင်းလာရာ ရန်ကုန်-မန္တလေး အမြန်လမ်း (၁၆၉/၆) လမ်းဘေးပေ (၁၅၀) ခန့်တွင် ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပဲ့ပါသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပဲ့ပါသွားခဲ့သည့်နေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး နယ်နိမိတ်သတ်မှတ်ကာ ယာဉ်အသွားအလာများ အဆင်ပြေစေရေးအတွက် အတားအဆီးကတ်တုံးများချခြင်း၊ ရောင်ပြန်ပြားများ တတ်စေခြင်းများ ဆောင်ရွက်၍ ပဲ့ကျသွားသော သိုင်းချောင်းကမ်းပါး ပေ (၁၅၀) ခန့်အား တုတ်ရိုက်ခြင်း၊ သဲမြေအိတ်ဖို့ခြင်း လုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)