သတင်းများ

ထားဝယ်မြို့တွင် ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန်အတွက် GIS နည်းပညာဖြင့် Census Units များ ရေးဆွဲခြင်းလုပ်ငန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 24,2023
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် GIS နည်းပညာဖြင့် Census Units များ ရေးဆွဲခြင်းလုပ်ငန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီး ဦးစီးမှူးရုံး၌ ကျင်းပသည်။
ကျောက်မဲမြို့နယ်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် နား‌ခေါ်ကျေးရွာ အုပ်စုဒေသခံပြည်သူများနှင့်‌တွေ့ဆုံပွဲကျင်းပ
Jul 24,2023
ရှမ်းပြည်နယ်‌(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် နားခေါ်ကျေးရွာအုပ်စုဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၁၀ နာရီခွအချိန်ကကျောက်မဲမြို့ နားခေါ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့​သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် “စာဖတ်ရှိန်မြင့်မားရေး”ဟောပြောပွဲနှင့် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်း
Jul 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများ၊ ကျောင်းသား/ကျောင်းသူလူငယ်များ စာအုပ်၊ စာပေ အလွယ်တကူဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှုရှိ စေရေးအတွက် ယနေ့နံနက်(၁၀)နာရီက အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်ပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် ဟောပြောပွဲကျင်းပပြီး နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်
Jul 24,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း  (Book Club) အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာသုတေသီ ဘုန်းမြင့်သွေး ရေးသားသည့် လူနေချုံကြား စိတ်နေဘုံဖျားစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။
ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး
Jul 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၉ နာရီမှစတင်၍ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဆက်လက်ထုတ်ပေးလျက်ရှိသည်။
အ.ထ.က(ခိုလမ်) ကျောင်း၌လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
Jul 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ.ထ.က (ခိုလမ်)ကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြတ်ရတနာ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက လှည်းကူးမြို့၊ လသာသနာ့ရိပ်သာရပ်ကွက်ရှိ ရန်ကင်းအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပကြောင်း သိရသည်။
ဖျာပုံမြို့၌ ပျားမွေးမြူရေးပြည်သူပညာပေးသင်တန်းဖွင့်
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနှင့်ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲတို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဆန်၊ စပါးကိုအဓိကထား စိုက်ပျိုးလျက်ရှိရာ ဆီရိက္ခာဖူလုံစေရန်အတွက် ဆီထွက်သီးနှံနေကြာများကို စတင်စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံနေကြာအား ပျားများမှတစ်ဆင့်ဝတ်မှုံကူးခြင်းဖြင့် နေကြာစေ့များ အောင်မြင်ဖြစ်ထွန်းစေရန်ရည်ရွယ်၍ ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းကို ဇူလိုင်လ (၂၄)ရက်နေ့ နံနက် (၉) နာရီခွဲ အချိန်က ဖျာပုံခရိုင်စိုက်ပျိုး‌ရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။