သတင်းများ

မိုစပါးပန်းတိုင်အထွက်နှုန်းရရှိရေး မြေဩဇာအချိန်ကိုက် အချိုးညီစနစ်တကျသုံးစွဲခြင်းနှင့် စူပါ EM ဘိုကာရှီ ပြုလုပ်သုံးစွဲခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်
Jul 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး မြေဩဇာအချိန်ကိုက် အချိုးညီစနစ်တကျသုံးစွဲခြင်းနှင့် စူပါ EM ဘိုကာရှီ ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းကို ယနေ့မွန်းတည့် ၁၂ နာရီက ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပကြောင်း သိရသည်။
ကျိုက်လတ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲပြုလုပ်
Jul 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၅) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီ အချိန်တွင် လှည်းဆိပ်ကျေးရွာနေ တောင်သူ ဦးအေးသန်း၏ ကွင်းအမှတ်(၉၉-ခ) ဦးပိုင်အမှတ်(၂၀/၁)ရှိ လယ်မြေပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့တွင် စာရေးဆရာမ ခင်စောတင့်၏ စွန်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ
Jul 23,2023
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  ယမန်နေ့ နံနက် ၁၀:၀၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Jul 23,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၉နာရီအချိန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်သည်။
ကျိန္တလီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်
Jul 23,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁:၃၀နာရီ အချိန်က အ.ထ.က ကျိန္တလီ Grade-10 စာသင်ခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
စစ်တွေမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
Jul 23,2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ညိုရောင်ချောင်းကျေးရွာနှင့် မြစ်နားကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (Book Club) စာပေမြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကျင်းပ
Jul 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (Book Club)စာပေမြတ်နိုးသူများဖြင့် စာရေးဆရာ သတိုးနွယ် ရေးသားပြီး စိတ်ကြိုက်စာပေမှထုတ်ဝေသည့် အောင်မြင်ကြီးပွားကြောင်းနည်းလမ်းကောင်း ၁၀၀ စာအုပ်ပါခေါင်းစဉ်များဖြင့် ယနေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိူင်ငံ မြန်မာ့ရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ နှစ်(၇၀) ပြည့်အထိမ်းအမှတ် ခြင်းအလှခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 23,2023
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ ၆၈x၇၃လမ်း၊ ၁၀၂x၁၀၇ လမ်း၊ မန္တလာသိရီ အားကစားဝန်း အတွင်းရှိ Multipurposeခန်းမတွင် မြန့်မာနိူင်ငံ မြန်မာ့ရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ နှစ်( ၇၀) ပြည့်အထိမ်းအမှတ် ခြင်းအလှခတ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခမ်းအနားတွင်