တာမိုးညဲမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ်

တာမိုးညဲ အောက်တိုဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် အောက်တိုဘာလ(၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show)  ပြုလုပ်ခဲ့ပါသည်။

ရှေ့ဦးစွာ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခေါန်မိုင်က အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာမိုးညဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ဝင်းသူဇာက ကမ္ဘာ့ဆရာများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကမ္ဘာ့ဆရာများနေ့သတ်မှတ်ခဲ့ရခြင်းအကြောင်း၊ ဆရာဆိုသည့်အဓိပ္ပါယ်၊ လူ့လောက၌ ဆရာဟူသည် အနန္တောအနန္တငါးပါးတွင် ထည့်သွင်းခဲ့ကြောင်း၊ ဆရာတို့၏ ဆောင်ပုဒ်နှင့်ဝတ္တရားများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသွားကြောင်း သိရသည်။ အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို ဌာန၏ Facebook Pageတွင် လွှင့်တင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခေါန်မိုင်(တာမိုးညဲ)