မင်းတုန်း အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်၌ ၂၀၂၄ခုနှစ် မိုးရာသီတွင် သစ်ပင်များ စိုက်ပျိုးရန် ငလှိုင်စမ်းရွာရှိ သစ်တောဦးစီးဌာန အမြဲတမ်းပျိုးဥယျာဉ်တွင် ပိတောက်၊ ပျဉ်းကတိုး၊ တမာ၊ ခရေ၊ စန္ဒကူး၊ ရေတမာ၊ ဖျောက်ဆိပ်၊ ကံ့ကော်၊ မယ်ဇယ်၊ ယင်းမာ၊ ငုရွှေဝါ၊ သင်းဝင်နှင့် စိန်ပန်းကြီး စုစုပေါင်းပျိုးပင် (၂၈၂၆၅)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
အဆိုပါ ပျိုးပင်များကို ၂၀၂၄ခုနှစ်၊ မိုးရာသီတွင် ပတ်ဝန်းကျင်ပြန်လည်စိမ်းလမ်းစိုပြေစေရန်နှင့် လေထုအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ လျှော့ချနိုင်ရန်အတွက် ပြည်သူလူထုသို့ အခမဲ့ဖြန့်ဝေခြင်းနှင့် သစ်တောဦးစီးဌာနမှ လမ်းဘေးဝဲယာတွင် အပင်(၅၀၀)ခန့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)