သီပေါမြို့ ရေဟော်ကျောင်းတိုက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

သီပေါ အောက်တိုဘာ ၉

ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ရေဟော်ကျောင်းတိုက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ယနေ့နံနက် (၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက ကျောင်းသား၊ကျောင်းသူများအား စာဖတ်ခြင်း၏အကျိုးကျေးဇူများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ရုပ်ပုံပြ‌ ပုံပြောခြင်း ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အသိပညာပေး ရုပ်ပြကာတွန်းစာအုပ်၊ ပုံပြင်၊ တေဇရုပ်စုံစာအုပ်များအား ဖတ်ရှုစေခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များက စာအုပ်များကို စိတ်ဝင်စားစွာဖတ်ရှုခဲ့ကြကြောင်းနှင့် ပြန်/ဆက်ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း  သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)