ရွှေကူမြို့နယ် အခြေခံပညာမူလတန်းကျောင်း (စက်ကုန်း) သို့ စာအုပ်စာစောင်များလှူဒါန်းခြင်းနှင့် နယ်လှည့်အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရွှေကူ အောက်တိုဘာ ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေကူမြို့နယ်ရုံး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ နယ်လှည့်လုပ်ငန်းများ သွားရောက်ဆောင် ရွက်ပေးလျက်ရှိရာအခြေခံပညာမူလတန်းကျောင်း (စက်ကုန်း)သို့ စာအုပ်စာစောင်များ လှုဒါန်းခြင်းနှင့်နယ်လှည့်အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၁၀ နံနက် ၁၀ နာရီခွဲခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေကူမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာမြင့်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အဆိုပါကျောင်းရှိ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးရေးနှင့်ကျောင်းသားလူငယ်များစာပေပိုမိုဖတ်ရှုနိုင်ရေးအတွက်သုတရသစာအုပ်များကိုပေးအပ် လှူဒါန်းခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနဝန်ထမ်းများက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းစေခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေးနံရံကပ် စာစောင်များ၊ သက်ငယ်မုဒိန်းနှင့် အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးစာစောင်များနှင့် ဓာတ်ပုံပြပွဲများကို ပြသခဲ့ကြရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)