တနိုင်းမြို့ အခြေခံပညာအလယ်တန်း (ခွဲ) - ကင်ဆားရာကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တနိုင်း အောက်တိုဘာ ၁၀

ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးနှင့် ‌မီးဘေးအန္တရာယ် အသိပညာ‌ပေးဟောပြောပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် (၉) နာရီက အခြေခံပညာ အလယ်တန်း‌(ခွဲ) - ကင်ဆားရာကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝါဦးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောပြီး၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်ဝင်းက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်အကြောင်း၊ မီးဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေး ဟောပြောပေးပြီးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲနှင့်အတူ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတရသစာအုပ်များ စာစောင်များ ခင်းကျင်းပြသခြင်းဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူများမှ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပြီး မီးသတ်ဦးဌာနမှ မီးငြိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မနောမြေ (တနိုင်း)