ပြည်ကြီးမဏ္ဍိုင် အောက်တိုဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်း ( ပြည်ကြီးမဏ္ဍိုင် ) ကျောင်းတွင်ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက မျိုးဆက်သစ်လူငယ်များအနေဖြင့် အသိပညာဗဟုသုတပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်၊ နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ရမည့် လူတော်လူကောင်းများဖြစ်လာစေရန် စာပေဗဟုသုတများစေရန်အတွက် အသိပညာပေးရှင်းလင်းပြောကြားပြီး လူငယ်နှင့်ကိုယ်ကျင့်တရားအကြောင်းကိုဟောပြောဆွေးနွေးသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံ ကပ်စာစောင်များ ချိတ်ဆွဲပြသရာ ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)