ကလိန်အောင်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကလိန်အောင် မတ် ၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ ပါဝင်သော သတင်းစကားလက်ကမ်းစာစောင်စောင်ရေ (၂၂၀) ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်နှင့်အဖွဲ့ဝင်များက ကလိန်အောင်မြို့စစ်ဆေးရေးတံတားထိပ်နှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ပူးပါင်းကူညီပံ့ပိုးကြရန် နှိုးဆော်ခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေမှကင်းလွတ်ခွင့်ပြုခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးရသောအကြောင်းအရင်း၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ စသည့်အကြောင်းအရာများကို ထည့်သွင်းဖော်ပြထားသည်။

ကလိန်အောင်မြို့အတွင်းရှိ ဒေသခံပြည်သူများနှင့်ခရီးသွားပြည်သူများကို ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို မှန်ကန်စွာသိရှိစရန်ရည်ရွယ်ပြီး အသိပညာပေးဟောပြာခြင်းများ၊ လူစည်ကားရာနေရာတို့တွင် လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေခြင်းတို့ကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)