ကံမ မတ် ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ဂျွန်းတောင်ကျေးရွာ၌ ယနေ့နံနက်(၉)နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ပြည့်စုံနှင့် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်နိုင်ဦးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မြို့နယ်အဆင့်ကော်မတီများ၊ ရပ်ကွက်ကျေးရွာအဆင့် ကော်မတီများ ဖွဲ့စည်းသွားမည့်အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေပါပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်ဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် အကြောင်းအရင်းများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းလိုက်သည်နှင့် ချက်ချင်း စစ်မှုထမ်းရန်ခေါ်ယူမည်မဟုတ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ စနစ်တကျရေးဆွဲပြီးချိန်မှသာ စစ်မှုထမ်းစနစ်စတင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းရန် အသက်အရွယ်အကျုံးဝင်သူများကို အတင်းအဓမ္မခေါ်ယူ တာဝန်ထမ်းဆောင်စေမည်မဟုတ်ဘဲ ပညာသင်ကြားနေသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ မိအိုဖအိုပြုစုလုပ်ကျွေးနေသူများ၊ ဆေးကုသမှုခံယူနေသူများကို ယာယီရွှေ့ဆိုင်းပေးထားမည်ဖြစ်ပါကြောင်းနှင့် စိုးရိမ်ရန်မလိုပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)