သတင်းများ

လားရှိုးမြို့ သာသနာ့ဟိတကာရီသီလရှင်စာသင်တိုက်တွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ ရပ်ကွက်(၈)ရှိ သာသနာ့ဟိတကာရီသီလရှင် စာသင်တိုက်တွင် ကျင်းပပြုလုပ်သည့် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ သီလရှင်ဝတ်စုံများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် မိသားစုအား ကြက်ခြေနီမှ ထောက်ပံ့ ပစ္စည်းများ ပေးအပ်
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် အိမ်ထောင်စုထံ ထောက်ပံ့ပစ္စည်းများအား ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က အိမ်တိုင်ရာအရောက် မိသားစုလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
သာပေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခွန်လွတ်ဈေးတွင် အခြေခံစားသောက်ကုန်များ သက်သာသော ဈေးနှုန်းဖြင့် ပြည်သူများအားရောင်းချပေးလျက်ရှိ
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့မှ အခွန်လွတ်ဈေးတွင် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား မြို့နယ် ကုန်စျေးနှုန်းထိန်းညှိ လျော့ချရေးကော်မတီအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့က ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၇ နာရီအချိန်က စတင်၍ ရောင်းချပေးခဲ့ကြသည်။
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပ‌ရေးအတွက် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုနှင့် မိုးစပါးစနစ်တကျစိုက်ပျိုးလာနိုင်စေရေး ကွင်းသရုပ်ပြပွဲ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေး
Jul 24,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုနှင့် အစိုးရရပ်ကွက်ရှိ ထောင်ပိုင်ကွင်းဧရိယာ၌ ကျင်းပပြုလုပ်သည့် မိုးစပါးစနစ်တကျ စိုက်ပျိုးလာနိုင်စေရေး  ကွင်းသရုပ်ပြပွဲ ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုအားပေးကြသည်။
ကသာခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာများအသင်း၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်
Jul 24,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်စာရေးဆရာများအသင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက် ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၊ အခြေခံပညာကျောင်းများနှင့် နေအိမ်များ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Jul 24,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများနှင့် နေအိမ်များ၌ ဌာနဆိုင်ရာများ၊ ကျန်းမာ‌ရေးဌာနမှ ဝန်ထမ်းများ၊ မြို့ပေါ်ပရဟိတအသင်းများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြသည်။
ကော့သောင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်
Jul 24,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သီရိမြိုင်ရပ်ကွက်၊ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ဂိတ်မှူးများ၊ ယာဉ်မောင်းများနှင့် ယာဉ်အကူများ တက်ရောက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် စလင်းမြို့နယ် မကျီးပင်ပုအုပ်စု တောစိမ့်ကျေးရွာ မိုးစပါး တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကြည့်ရှုအားပေးကာ တောင်သူများနှင့် တွေ့ဆုံ
Jul 24,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ စနစ်ကျ စိုက်ပျိုးနိုင်စေရန်နှင့် သွင်းအားစု စိုက်ပျိုးရေးစရိတ် ကုန်ကျမှုသက်သာစေရန် ရည်ရွယ်၍ ဧရာမင်းမျိုးစပါးကို တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက စလင်းမြို့နယ် မကျီးပင်ပုကျေးရွာအုပ်စု တောစိမ့်ကျေးရွာ ကွင်းအမှတ်(၅၇၃)၊ ဦးပိုင်(၁၄) စိုက်ဧက (၄.၀၀) ဧက တောင်သူ ဦးချစ်ခင်၏ လယ်မြေ၌ ဆောင်ရွက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။