သတင်းများ

ဖြူးမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
Jul 21,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ခုတင်(၁၀၀)ဆံ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းက စတင်ကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် ရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်းဖွင့်လှစ်
Jul 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် ရှေးဦးပြုစုခြင်းအခြေခံအဆင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တနိုင်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေး
Jul 21,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများသည် ပင်စင်လစာငွေများကို ယနေ့နံနက် (၈)နာရီမှ စတင်၍ လာရောက်ထုတ်ယူ လျက်ရှိသည်။
သာကေတမြို့နယ်ရှိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက်(၁)နှစ်မှ(၅)နှစ်အတွင်းရှိ ကလေးငယ်များအား ယနေ့နံနက်(၉:၀၀)နာရီအချိန်က အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကာကွယ်ဆေးများထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
ကလေးဝမြိုတွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jul 21,2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြိုတွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်
Jul 21,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများစာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၁၀ နာရီက သီရိဟေမာရပ်ကွက် အခြေခံပညာမူလတန်းလွန် ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ သည်။
အင်းစိန်မြို့နယ်၊ အ.ထ.က(၈)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့်သူများအား ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ အ.ထ.က(၈)ကျောင်းတွ် ဆောင်ရွက်ပေးသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပပို့ကုန်ငါးရှဉ့် ဈေးကွက်ရောင်းအားကောင်းလျက်ရှိ
Jul 21,2023
ဧရာ၀တီတိုင်းဒေသကြီးအတွင်း ပြည်တွင်းပြည်ပစျေးကွက် ဝယ်လိုအားရှိသောငါးရှဉ့်များကို  ပြည်ပသို့ နှစ်ပတ်လည်တင်ပို့ရောင်းချမှုရှိသော်လည်း ပွင့်လင်းရာသီထက် ယခုလို မိုးတွင်းကာလတွင် ငါးရှဉ့်များစျေးကွက်သို့ ပိုမိုဝင်ရောက်လျက်ရှိကြောင်းသိရသည်။