ကံမ မတ် ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၄-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အခြေခံပညာအထက်တန်းကျောင်း (ကံမ) စာစစ်ဌာန၌ ယနေ့နံနက် (၉) နာရီက ကျောင်းသား ကျောင်းသူ(၂၈၆) ဦးတို့သည် မြန်မာစာဘာသာရပ်အား အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။
အဆိုပါ ၂၀၂၄-ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကျင်းပရာတွင် ကံမမြို့နယ်၌ စာစစ်ဌာန (၁) ခုသာရှိပြီး ဘာသာတွဲ (Steams-1) ၌ (၄၅) ဦး ဘာသာတွဲ (Steams-၂) ၌ (၁၃၁) ဦး၊ ဘာသာတွဲ( Stams-1) ၌ (၁၁၀) ဦး ကျောင်းသား ကျောင်းသူ စုစုပေါင်း (၂၈၆) ဦး ဝင်ရောက်ဖြေဆိုရာ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန်အတွက် ကံမမြို့နယ်၌ ဖြေဆိုခွင့်လျောက်ထားသည့် ကျောင်းသား ကျောင်းသူ (၃၀၂) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူစုစုပေါင်း (၂၈၆)ဦး ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၇၀)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)