သထုံတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက် ကျောင်းသား၊ ကျောင်းသူများ လာရောက်ဖြေဆို

သထုံ မတ် ၁၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့စတင်ကျင်းပပြုလုပ်နေသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့၊ မြန်မာစာကို မြို့နယ်အတွင်းရှိ စာစစ်ဌာနတို့၌ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

စာမေးပွဲကျင်းပရာတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှုကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည်။

သထုံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာနနှစ်ခုရှိပြီး အ.ထ.က (၁) သထုံစာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူပေါင်း ၂၂၆ ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၂၁၈ ဦး၊ ပျက်ကွက် ၈ ဦး၊ အ.ထ.က (ကျိုက္ကော်) ၌ စာရင်းပေးသွင်းသူ ၂၅၁ ဦး၊ လာရောက်ဖြေဆိုသူ ၂၄၁ ဦး၊ ပျက်ကွက် ၁၀ ဦး၊ စုစုပေါင်းဖြေဆိုရန် စာရင်းသွင်းထားသူပေါင်း ၄၇၇ ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၄၅၉ ဦး၊ ပျက်ကွက်သူ ၁၈ ဦးရှိကြောင်း ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီးတို့၌ တာဝန်ရှိသူများက ကြပ်မတ်ကူညီဆောင်ရွက်ပေး‌လျှက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)