တနင်္သာရီမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် (ဓမ္မစကြာနေ့)၌ဝါဆိုသင်္ကန်းလှူဒါန်းသူ/ဥပုဒ် သီလဆောက်တည်သူများ အထူးများပြား

တနင်္သာရီ  ဩဂုတ် ၂

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ပေါ်ရှိ ဘုရားပုထိုးစေတီများနှင့်ဘုန်းတော်ကြီးကျောင်းများ တွင် ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)ယမန်နေ့က ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းသူများ၊ ဝါဦးကာလပထမဥပုဒ်သီတင်းပါတ်တွင် ဥပုဒ်သီလဆောက်တည်သူ များပြားကြောင်း သိရသည်။

ယနေ့(ဓမ္မစကြာနေ့)၌ တနင်္သာရီမြို့ပေါ်ရပ်ကွက်အတွင်းရှိ  မြဝတ်ဆင်စေတီတော်ရင်ပြင်အတွင်းစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်းနှင့် သံဃာတော်အရှင်သူမြတ်များ အား ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ (ပထမ)အကြိမ်မြောက်၊ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်း မင်္ဂလာကိုလည်းကောင်း၊ ချောင်းငယ်ရပ်ကွက် မြို့ဦးပရိယတ္တိစာသင်တိုက်တွင် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်သူများနှင့် ဥပုဒ် သီလဆောက်တည်သူများ အထူးများပြားလျက်ရှိသည်။

အလားတူ ချောင်းငယ်ရပ်ကွက်အတွင်းရှိ မြသီတာဘုန်းတော်ကြီးကျောင်း/ဝင်္ကဘာတောင် မဟာ သန္တိသုခစေတီတော် ကျောင်း/သဘာဝဘိုးဘွားရိပ်သာကျောင်း /ချောင်းငယ်ဘုန်းတော်ကြီးကျောင်းနှင့် ချောင်းကြီးရပ်ကွက်-ချောင်းကြီးကျောင်းတိုက်များ အသီးသီးရှိ ဓမ္မာရုံများအတွင်းမှာလည်း ဒေသခံအရပ်သူ အရပ်သားများက ဝါဦးကာလဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဝါဦးကာလဥပုဒ်သီလဆောက် တည်ခြင်း ကောင်းမှုကုသိုလ်ပြုသူများ အထူးများပြားလျက်ရှိကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)