မိတ္ထီလာ သြဂုတ် ၂
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းရှိ အမှတ်(၄) ငါးမွေးမြူရေးကန်အတွင်းသို့ ငါးသားပေါက်မျိုးစေ့ထည့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးကငါးသားပေါက်မျိုးစိတ်ထည့်သွင်းခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးနှင့် တာဝန်ရှိသူများက ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းရှိ အမှတ်(၄) ငါးမွေးမြူရေးကန်အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ ၅၀၀၀ကို ထည့်သွင်းခဲ့ကြောင်းသိရသည်။
အဆိုပါ ငါးသားပေါက်မျိုးစေ့ထည့်ပွဲအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)