ဒိုက်ဦး သြဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်ကျေးရွာ၌ မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားအား ဇူလိုင်လ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိသည့်တိုင်းဒေသကြီးတစ်ခုဖြစ်ကာ စိုက်ပျိုးသည့်သီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေးအထူးအလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးမြေများအားလုံးတွင် မြေလပ်မရှိစိုက်ပျိုးရန်နှင့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ မြေဆီမြေဩဇာသုံးစွဲနိုင်ရေးနှင့် နည်းပညာဖြန့်ဖြူးပေးခြင်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် သီးနှံစိုက်မြေများတွင် သဘာဝမြေဩဇာဖြစ်သည့်ပိုက်ဆံလျှော်ကို တွင်တွင်ကျယ်ကျယ်အသုံးချဆောင်ရွက်ရန်၊ လယ်မြေတွင်မိုးစပါးသည် ပထမသီးနှံဖြစ်သည့်အတွက် ရာသီချိန်အမီစိုက်ပျိုးနိုင်မှသာ တတိယသီးနှံများလည်း အချိန်မှန်စိုက်ပျိုးသွားနိုင်မှာဖြစ်ပြီး ဝင်ငွေများပိုမိုတိုးတက် ရရှိလာနိုင်မှာဖြစ်ကာ သက်တမ်းတိုပြီး အထွက်ကောင်းသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန် လိုအပ်ကြောင်းနှင့် ဒေသခံတောင်သူများအနေဖြင့် မိမိတို့ဒေသအတွင်း စားရေရိက္ခာဖူလုံပိုလျှံရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး စိုက်ပျိုးရေးလုပ်ငန်းတွင် လုံ့လဝီရိယရှိစွာဖြင့် ကြိုးစား အားထုတ်ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက်အခမ်းအနားတက်ရောက်လာသည့် ဒေသခံတောင်သူများအား စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်ကျေးရွာ၊ ကွင်းအမှတ်(၄၄၄-ဃ)၌ မိုးစပါးထွန်တုံးပိတ် ကောက်စိုက်နေမှုအား ကြည့်ရှုအားပေးခဲ့ကာ ကောက်စိုက်သမများအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)