တောင်ကြီး ဩဂုတ် ၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့ဖူဆယ်အားကစားနည်း အဆင့်အတန်း တိုးတက် မြင့်မားစေရေး၊ မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆု ရရှိခဲ့ကြသည့် ဖူဆယ်အမျိုးသား/ အမျိုးသမီးအသင်းများအားကြိုဆိုခြင်းကို ယနေ့ ညနေပိုင်းက ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဆောင်ရွက်ခဲ့သည်။
အဆိုင်ပါအားကစားပြိုင်ပွဲကို နေပြည်တော်၌ (၂၄.၇.၂၀၂၃)ရက်နေ့မှ (၃၁.၇.၂၀၂၃)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်ကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးဖူဆယ်အားကစားအသင်းက ပထမဆုနှင့် ရှမ်းပြည်နယ်ကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဖူဆယ်အားကစား အသင်းက ဒုတိယဆု အသီးသီး အနိုင်ရရှိခဲ့ကြသဖြင့် အောင်ပွဲရအားကစားသမားများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ တောင်ကြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး၊ တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူများ ၊ အားကစားသမားများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်းသိရသည်။
စိုင်းသန်းကျော်(ပြန်/ ဆက်)