ဒိုက်ဦး ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် မိုးရာသီအလွတ်တန်း(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်ဗိုလ်လုပွဲအဖြစ် စက်ကွင်းအသင်းနှင့်ကျောင်းစု အသင်းတို့ယှဉ်ပြိုင်ကစားကြရာ စက်ကွင်းအသင်းမှ ကျောင်းစုအသင်းအား ၆ ဂိုး ၅ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရာ ကွင်းလယ်ဒိုင်လူကြီးအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်း၊ နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုချီးမြှင့်ခြင်း၊ တတိယဆုရရှိသော အသင်းအား ငွေသားဆုနှင့် တစ်ဦးချင်း ဆုချီးမြှင့်ခြင်း၊ ဒုတိယဆုရရှိသောအသင်းအား ငွေသားဆုနှင့် တစ်ဦးချင်းဆုချီးမြှင့်ခြင်း နှင့်ပထမဆုရရှိသောအသင်းအား တစ်ဦးချင်းဆု ငွေသား ၇ သိန်းကျပ်နှင့် ဆုဖလား ချီးမြှင့်ခြင်း အစီအစဉ်ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)