ချောင်းဆုံ ဩဂုတ် ၁၅
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များနှင့် ကျောင်းသား/သူများ ဥပဒေဆိုင်ရာနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတ ရရှိစေရန်အတွက်ရည်ရွယ်ပြီး မြို့နယ်ဥပဒေရုံး ဥပဒေအရာရှိနှင့် ဝန်ထမ်းများမှ ဩဂုတ်လ ၁၄ ရက်နေ့ က ကမာမို(အထက-ခွဲ) ကျောင်းနှင့် ကလွီ (အ.ထ.က) ကျောင်းတို့တွင် အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲများတွင် ကျောင်းအုပ်ကြီးများမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ဥပဒေအရာရှိ ဒေါ်အိဖြူသော်က ကျောင်းသား/သူများအား ကလေးသူငယ်များနှင့် ပတ်သက်သည့် ဥပဒေများ၊ သက်ငယ်အကြမ်းဖက်မှုဆိုင်ရာ ဥပဒေများနှင့် အခြားသိသင့် သိထိုက်သည့်ဥပဒေများအား ရှင်းလင်းပြောကြားကာ သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကလည်း ပြစ်မှုကင်းရှင်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)