နောင်ချို ဩဂုတ် ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀နာရီအချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းထွေးက ကျောင်းသား၊ ကျောင်းသူလူငယ်များ ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်စေရန်၊ ဘဝ တိုးတက်ရေးအတွက် ရည်မှန်းချက်များ ထားတတ်စေရန်၊ (၃၈) ဖြာမင်္ဂလာတရားတော်နှင့်အညီ ပြုမူနေထိုင်တတ်ပြီး မိမိတို့ထုံးတမ်းစဉ်လာ လူနေမှုအကျင့်စရိုက်ရိုးရာဓလေ့များကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သော လူတော်လူကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြား ခဲ့ပြီးနောက်ဆက်လက်၍ “လူငယ်နှင့် ရည်မှန်းချက်”၊ “လူငယ်နှင့် စာရိတ္တ”၊ “လူငယ်နှင့် ပညာရေး”၊ “လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး”၊ “လူငယ်နှင့်စာပေ” စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အမှတ် (၁) အခြေခံပညာအလယ်တန်း ကျောင်းခွဲကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း()ဦးခန့် တက်ရောက်ခဲ့ပြီး မူးယစ်ဆေးဝါးအသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကိုလည်း ပြသပေးခဲ့ကြောင်း သိရသည်။
ထွေးငယ်
နောင်ချို (ပြန်/ဆက်)