ငါးသိုင်းချောင်း သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ၊အ-ထ-က(ခွဲ)တက်ဆိပ်ကျောင်း၌ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး၊ စကားပြောစွမ်းရည် ကျွမ်းကျင်စွာ တက်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ ပြောဆို ဆွေးနွေးတက်စေရန်၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ရစေရန်နှင့် လူငယ်များမှ နားထောင်ပြီး အသိပညာ ဗဟုသုတများစွာ ရရှိပြီး အပြန်အလှန် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ-ထ-က(ခွဲ) တက်ဆိပ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ဇင်မာဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ဇင်မီမီဝင်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပရာ မြို့ဦးစီးမှူးနှင့် လူငယ်ရေးရာကော်မတီအတွင်းရေးမှူး မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေးတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်အောင်ပြည့်စိုးက လူငယ်နှင့်အားကစား၊ မကြည်နူးထက်က လူငယ်နှင့် စာရိတ္တ၊ မအိအိဇွန်က လူငယ်နှင့် ကျန်းမာရေး၊ မောင်အောင်လှိုင်စိုးက လူငယ်နှင့်ခေါင်းဆောင်မှု့၊ မောင်မင်းသော်တာထွန်းက လူငယ်နှင့်မူးယစ်ဆေး စသည့် ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)