ချောင်းဦး သြဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အခြေခံပညာအထက်တန်း ကျောင်း အနော်ရထာခန်းမတွင် ယမန်နေ့ နံနက်၉ နာရီ အချိန်က ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ပြီး ကျောင်းတက်နေသည့် အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ကလေးငယ်များအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် သန်ချဆေးများ တိုက်ကျွေး၍ Sinopham အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးအား အခြေခံပညာ မူလတန်းအဆင့် သင်ကြားနေသော ကျောင်းဆောင်နှင့် အနော်ရထာခန်းမတို့တွင် မြို့နယ်ဆရာဝန်ကြီးမှ ဦးဆောင်ပြီး မြို့နယ်ဆေးရုံဝန်ထမ်းများက ဆေးထိုးအဖွဲ့ နှစ်ဖွဲ့ခွဲကာ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေး ထိုးနှံကြသည့် ကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်နိုင်၊ ဒုတိယမြို့နယ်ပညာရေးမှူးတို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသားကျောင်းသူတို့၏ မိဘ၊ အုပ်ထိန်းသူ၊ ဆရာ ဆရာမများ လာရောက်ခဲ့ကြောင်း သိရသည်။
ဆေးထိုးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopham အမျိုးအစားထိုးနှံပေးခဲ့ရာ အသက် ၅ နှစ်မှ ၁၂နှစ်ကြား ပထမအကြိမ် First Dose ၄၅ ဦး၊ Second Dose ၂၄၄ ဦး၊ First Booster Dose ၁၇ဦး၊ အသက်၁၂နှစ်နှင့် အသက်၁၈နှစ်ကြား First Dose ၅ဦး၊ Second Dose ၆၃ဦး၊ First Booster Dose ၁၃ဦး၊ Second Booster Dose ၇၅ဦး စုစုပေါင်း ၄၆၂ဦးအား နေ့လယ် ၁နာရီခွဲ အချိန်အထိ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)