ဇီးကုန်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (အ.လ.က-မြောက်လွှတ်ကုန်း)၌ လူငယ်စကားဝိုင်းကျင်းပ
Aug 17,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကျောင်းသား၊ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက နွားတဲကုန်းကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း (အ.လ.က- မြောက်လွှတ်ကုန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။