သတင်းများ

ကျောက်တလုံးကြီးမြို့တွင် Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ ကျင်းပ
Aug 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ရှမ်းပြည်နယ်အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းအပေါ် အမျိုးသမီးများအတွက် ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းတွင်ပါရှိသည့် Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုသင်တန်းဖွင့်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက ကက္ကူကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့ အထက(၂) ကျောင်း၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 17,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ် ၁၅ ရက် နံနက် (၁၀) နာရီ အချိန်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား ကျင်းပ
Aug 17,2023
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ကျန်းမာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ကမ္ဘ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာရဟာဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်းကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၂)နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲ ကျင်းပ
Aug 17,2023
ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံခိုင်စေရန်၊ အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကျောင်းတွင်း အသက်(၁၂)နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေဦးမြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 17,2023
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်ရေဦးမြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့တို့ ပူးပေါင်း၍ ဩဂုတ် ၁၅ ရက်နံနက် ၁၀ နာရီက ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို အောင်ချမ်းသာရပ်ကွက်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Aug 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် ဩဂုတ် ၁၄ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာအတွင်း၌ ကွင်းဆင်းပြီး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရပ်စောက်မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Aug 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ဩဂုတ်လ(ဒုတိယပတ်) မြို့နယ်အဆင့် ကျန်းမာရေးအဆင့် မြှင့်ကျောင်းထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် (၁၄) ရက်နေ့ နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကာလိမြို့တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Aug 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကာလိမြို့၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်(၉)နာရီအချိန်က အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း လွိုင်ဖာ၌ ကျင်းပခဲ့ကြောင်းသိရသည်။