သတင်းများ

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Aug 16,2023
ချင်းပြည်နယ်ကလေးအလုပ်သမားပပျေက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃) ကို သြဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Aug 16,2023
ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ (Book Club) အဖွဲ့ဝင်တို့နှင့် ပူးပေါင်းဆောင်ရွက်သော စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပကြသည်။
ပုသိမ်ကြီးမြို့နယ် ပံသုကျီခန်းမတွင် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Aug 16,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ပံသုကျီခန်းမ၌  ယမန်နေ့နံနက် ၁၀ နာရီက အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဗလမင်းထင် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်းရှိ အင်ဂျန်းခချောင်း(ပင်မမြောင်း)အတွင်း ငါးသားပေါက်ကောင်ရေ (၂) သိန်းစိုက်ထည့်ပေး
Aug 16,2023
ကချင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံစေရေး၊ ငါးထုတ်လုပ်မှု တိုးတက်မြှင့်မားလာစေရေးနှင့် မိုးစပါးစိုက်တောင်သူများ အကျိုးဖြစ်ထွန်းစေရေး ရည်ရွယ်၍ မြစ်ကြီးနားမြို့ ဗလမင်းထင် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် အရှည်ပေ ၁၀၀၀၀ ကျော် တူးဖော်ဆောင်ရွက်ပေးခဲ့သော အင်ဂျန်းခချောင်း(ပင်မမြောင်း)အတွင်း ငါးသားပေါက်များ စိုက်ထည့်ခြင်းနှင့် လုပ်ကွက်ငယ် ငါးမွေးတောင်သူများထံ ငါးသားပေါက်များနှင့် ငါးအစာအိတ်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါစံပြစိုက်ကွက်၌ ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်
Aug 16,2023
ကချင်ပြည်နယ်နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲများဖြစ်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ကြက်တောင်နှင့်စားပွဲတင်တင်းနစ် ပြိုင်ပွဲများ၏ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ် ၁၅ ရက် ညနေ ၄ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။
ကွမ်းခြံကုန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Aug 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို  ဩဂုတ်လ ၁၄ ရက်နေ့က တော်ခရမ်းကြီးကျေးရွာ  အ-ထ-ကကျောင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုင်းတုံမြို့နယ်၌ အသိပညာပေး​​ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ နယ်လှည့်ကွင်းဆင်း
Aug 16,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းကစာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဖာချယ်မူလွန်ကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီး တောင်ပြိုလမ်းပိတ်သည့်နေရာများအားဖယ်ရှား
Aug 16,2023
ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဩဂုတ်(၇)ရက်နေ့က မြဝတီ-ကော့ကရိတ် အာရှကားလမ်းမကြီး၏ မိုင်တိုင်အမှတ်(၁၄၉ ဒဿမ(၅)နှင့် မိုင်တိုင်(၁၅၁)ကြားတွင် မြေပြို၍လမ်းပိတ်ခဲ့သည့်နေရာများအား ဖယ်ရှားရှင်းလင်းခဲ့ပြီး ယမန်နေ့ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် လမ်းတစ်ခြမ်းဖွင့်၍ အဆိုပါနေရာ(၂)ခုကြားတွင် ပိတ်မိနေသောကားများအား မြဝတီဘက်သို့ ပြန်လည်စေလွတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။